Global searching is not enabled.
Skip to main content

Available courses

Stata Tips and Tricks
Statistics
Preview Course

Teacher: Win Khaing

Stata Tips and Tricks

Learn Stata Tips and Tricks in Myanmar Language

FASTER
Evidence-based Medicine
Preview Course

Teacher: Win Khaing

FASTER

FASTER ဆိုတာ Foundation And STrengthening Evidence of Research ရဲ့ mnemonic ဖြစ်ပါတယ်။ သုတေသန စာတမ်းများကို Critical Appraisal နှိုင်းချင့်ဝေဖန် အကဲဖြတ်ကြတဲ့အခါ သုတေသီများတွင် တွေ့ကြုံရနိုင်သော အခက်အခဲများကို ဖြေရှင်းနိုင်ရန် လိုအပ်သောအခြေခံ (Foundation) ရရှိစေဖို့ အရှင်းလင်းဆုံး ဖြစ်အောင် မြန်မာဘာသာဖြင့် သင်ကြားပေးထားသော သင်တန်း ဖြစ်ပါတယ်။

ဆုရထားသော The Doctor’s Guide to Critical Appraisal စာအုပ်ကို အခြေခံပြီး Users’ Guides to the Medical Literature: A Manual for Evidence-Based Clinical Practice, 3rd ed စာအုပ်ဖြင့် အားဖြည့်ကာ ကျွန်တော့်ရဲ့ သင်ကြားရေး အတွေ့အကြုံများ ပေါင်းစပ်ထားသော သင်တန်းလည်း ဖြစ်ပါတယ်။

  • ဤသင်တန်းက သင်၏ ဦးနှောက်ကို ဗဟုသုတအပြည့်ဖြင့် ထားခဲ့မည်!
  • သင်ရင်းနှီးမြှုပ်နှံလိုက်တဲ့ တန်းဖိုးပမာဏထက် အဆများစွာ သင်ပြန်ရမယ်လို့ အပြည့်အဝယုံကြည်သည်!
လေ့လာပြီးရင် ဘာတွေ ရသွားမလဲ
  • EBM and Critical Appraisal ဘာသာရပ်ကို အခြေခံမှ စတင် နားလည် သဘောပေါက်သွားပါမည်။
  • Research Paper များ ဖတ်ရာမှာ မိမိ အတွက် ခေါင်းကိုက်စေနိုင်တဲ့ ဝေါဟာရတွေကို ရှင်းလင်းလွယ်ကူစွာ နားလည်သွားနိုင်ပြီး Research Paper များကို မိမိကိုယ်တိုင် ယုံယုံကြည်ကြည် လေ့လာနိုင်လာမည်။
  • Research Paper များတွင် အသုံးပြုထားသော Study Design များ အကြောင်း၊ တစ်ခုစီ၏ အားသားချက်၊ အားနည်းချက်များကို ဆန်းစစ်လာနိုင်မည်။
  • Data တစ်ခု ကို တွက်ချက်ရာမှာ statistical test ကို ဘယ်လို ရွေးချယ်ရမလဲ၊ ထွက်လာတဲ့ အဖြေတွေကို ဘယ်လို အဓိပ္ပါယ်ကောက် ကောက်ချက်ချရမလဲ၊ ရလာတဲ့ အဖြေတွေကို ဆေးလောကမှာ အသုံးဝင်မှု ရှိမရှိ ဆုံးဖြတ်တက်လာမည်။
လေ့လာပြီးရင် ဘယ်လို အကျိုး ရလာဒ်ကောင်းတွေ ဖြစ်ပေါ်လာမလဲ။
  • Clinical Paper တွေကို လွယ်လွယ်ကူကူ မြန်မြန် သဘောပေါက် နားလည်လာမဲ့ အပြင် Journal Club တွေမှာ သင်ရဲ့ Critical Appraisal Skill တိုးတက်လာမှာ ဖြစ်ပါတယ်။
  • ယခင်က သင်မဖြေဆိုနိုင်သော သင်ရဲ့ Critical Appraisal အဖြေများက Gold Standard အဖြေ များ ဖြစ်လာပါမယ်။
  • အကယ်၍ သင်ရဲ့ Career အတွက် ဖြေဆိုမဲ့ စာမေးပွဲ တွေမှာ Critical Appraisal လို မေးခွန်းမျိုးကို အခက်အခဲ မရှိ ဖြတ်ကျော် ဖြေဆိုနိုင်သွားမှာ ဖြစ်ပါတယ်။